Search for..

Tuesday, December 1, 2015

going to Ommathi Village just for lunch

 This weekend, we went to Pyin Oo Lwin just for short trip. One of our friends who live there took us to this special place called Ommathi Village. What is so special about this village is they have a special curry of Fish and mented bamboo shoot.

It is quite far from Pyin Oo Lwin actually. We had to pass 2 toll-gates to get there. But we sat besides of the small canal with nice breeze there. The fish curry is so sweet and tasty. The pork is delicious. And I like potato fried! (Very like to eat all, no time to take photo).

And another thing is the pounded green chilli. It not very spicy. But a bit hot and make us eat a lots. We even took take away for home.

Suggestion is: when you go to Lashio or Muse, you have to pass Pyin Oo Lwin for sure. Don't take lunch there. Just pass it and stop by at Ommathi Village to try this tasty yummy fish curry.




ဘော်ဒါတို့ရေ..

အစားတစ်လုတ်အတွက် အသက်ကိုပဓာနမထားဘဲ ကြိုးစားပမ်းစား အပင်ပန်းခံ ချွေးနဲ့သွေးနဲ့ ရင်းပြီး စားကြဖို့ ဇွဲလုံ့လရှိကြပါသလား..

ဘာကြောင့် မေးရသလဲဆိုရင် ဒါက ဒီလိုရှိပါတယ်.. nN တစ်ယောက် ဒီပိတ်ရက်မှာ ပြင်ဦးလွင်ကို ကမန်းကတမ်းရောက်ဖြစ်သွားပြီး သကာလ.. ပြင်ဦးလွင်မြို့ခံ အစ်ကိုတော်တစ်ပါးကနေပြီးတော့ လာကြ သွားကြမယ် စားကြမယ်ဆိုလို့ ကားကြီးနဲ့ မောင်းထွက်သွားပြီးတော့ ပြင်ဦးလွင်မြို့ကနေ တိုးဂိတ်ကိုကျော်ပြီးထွက်.. ဒီဇင်ဘာခြံကိုဖြတ်.. ပိတ်ချင်းမြောင်ဘက်သွားတဲ့ လမ်းလည်းဖြတ်သွား.. နောင်ချိုနားရောက်ခါနီးအထိမောင်းပြီး အုမ္မတီးဆိုတဲ့ လမ်းခွဲရွာကလေးကို ရောက်သွားရော ဆိုပါတော့.. အဲ့ဒီနေရာက ဟိုမြို့ဒီမြို့တွေကို သွားတဲ့လမ်းခွဲတဲ့.. ကားကြီးသမားတွေ ရပ်ကြနားကြလုပ်တဲ့ နေရာဆိုပဲ.. အတော်လေး ဝေးပါတယ်.. တိုးဂိတ် ၂ ဂိတ်ဖြတ်ရတယ်ဆိုကတည်းက စဉ်းစားသာကြည့်တော့နော်..

ဒါပေမဲ့ သွားရတာနဲ့ တန်အောင်ပဲ.. အဲ့ဒီ အုမ္မတီးရွာလေးကိုရောက်ရင် ချောင်းကွေ့က ငါးမျှစ်ချဉ်ဆိုင်လို့သာ မေးလိုက်ပြီး ဝင်လိုက်ပါ.. အပြင်ပန်းကြည့်ရင် ဆိုင်လေးက စုတ်တီးစုတ်ပဲ့လေးမို့ မျက်မှောင်မကုတ်သွားပါနဲ့.. သူတို့ မီးဖိုချောင်ကလေးကို ကွေ့ကောက်ဖြတ်သန်းသွားလိုက်ရင် နောက်ဖက်မှာ ဝရံတာလေးရှိပါတယ်.. အဲ့မှာထိုင်စားရင် အောက်ကပါတဲ့ ပုံအတိုင်းပဲ တဝေါဝေါစီးနေတဲ့ မြောင်းဘောင်ရေသံလေးတွေနဲ့ စားရမှာပါ..


ဆိုင်ရဲ့ အဓိက ကတော့ လတ်လတ်ဆတ်ဆတ် ငါးခူနဲ့ ချက်ထားတဲ့ ငါးမျှစ်ချဉ်ဟင်းလျာတွေပါ.. ပြီးတော့ ဒုတိယအကောင်းဆုံးက ငရုတ်သီးထောင်းပါ.. အရမ်းလည်းမစပ်ဘဲ ပူရှိန်းရှိန်းနဲ့ အရသာတော်တော်လေးကောင်းပါတယ်.. ကျန်တာတွေကတော့ အခေါက်ကင်တို့ အစိမ်းကြော်တို့.. အော်.. နောက်ပြီး ဝက်သားကြက်ဥစင်းကောကြော်လား.. အဲ့ဒါလည်း စားကောင်းပါတယ်.. စလွတ်ကြော်ဆိုတာလေးတွေကလည်း အသားကို အလုံးလေးတွေလုပ်ပြီး ကြော်ထားတာ.. အပြင်က ကြွပ်ပူပြီး အထဲက နူးပျော့လေးဆိုတော့ အရမ်းအဆင်ပြေပါတယ်.. နောက်ပြီး အာလူးချောင်းကြော်လေးတွေက အရမ်းစားလို့ကောင်းတာပါပဲ..

ဈေးတွေကတော့ ပုံမှန်ပါပဲ.. ဈေးမကြီးပါဘူး.. ဒါပေမဲ့ ကားဓာတ်ဆီအကုန်ခံပြီး လူအပင်ပန်းခံပြီး သွားစားမှရမှာလို့တော့ ကြိုသတိပေးထားပါတယ်နော်..

ဆိုင်စုတ်ကလေးမှာ အစားကောင်းတွေ တဝတပြဲစားပြီး သကာလ အပြန်လမ်းကျတော့ ဒီဇင်ဘာခြံဝင်ပြီး အအေးသောက်ပါတယ်.. ခက်တာက အဲ့ဒီခြံက အရမ်းနာမည်ကြီးပြီးနောက်ပိုင်း အရသာကွာလတီတွေ ကျသွားတာပါ.. အရင်လို ပြောပလောက်စရာ မကောင်းတော့ပါဘူး.. foodie တို့လည်း ပြင်ဦးလွင်ဒီဇင်ဘာခြံလောက်တော့ သိပြီးသားဖြစ်မှာမို့ အထူးတလည် မပြောတော့ဘူးနော်..

~nN

No comments:

Post a Comment