Search for..

Monday, December 14, 2015

Mine-Tha Mee Shay

မနက်စာသို့မဟုတ် နေ့လည်စာ စားလို့ရတဲ့ ဆိုင်ကောင်း ဆိုင်ထူးဆန်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်..

ပထမဆုံးပြောပြချင်တာက ဆိုင်နေရာပါ.. ရန်ကုန်မှအစားသောက်ချင်ခင်မိဘပြည်သူများကတော့ လေယာဉ်ဖြင့်ဆိုလျှင် အချိန် ၃ နာရီခန့်၊ ကားဖြင့်ဆိုလျှင် အချိန် ၉ နာရီခန့်ပေးပြီး သွားရပါမယ်.. ဘာလို့လဲဆိုတော့ ဆိုင်က မန္တလေးက မို့လို့ပါ.. မန္တလေးမှာနေတဲ့ အစားကိုခုံမင်မြတ်နိုးတန်ဖိုးထားသူတွေကတော့ ဆိုင်ကယ်လေးတက်ခွပြီး ၆၆ လမ်းနဲ့ ၄၁ လမ်းထောင့်က “ရွှေမိုင်းသာ” ဆိုတဲ့ ဆိုင်ရှေ့ရောက်မှ ဆိုင်ကယ်ရပ်လိုက်ပါလို့..

မိုင်းသာဆိုတာ အရပ်ဒေသမဟုတ်ပါဘူး.. လူမျိုးဖြစ်ပါတယ်.. ခုဆိုင်လေးကလည်း အဲ့ဒီလူမျိုးတို့ရဲ့ ရိုးရာမြီးရှည်ဆိုင်လေးပဲ ဖြစ်ပါတယ်.. မြီးရှည်လို့ပြောလိုက်တော့ မြီးရှည်မျိုးစုံပေါသော အရပ်ဒေသမန်းလေးမှာ ဘာများထူးမှာတုန်းလို့ နှာခေါင်းရှုံ့ချင်သူများ နှာခေါင်းကိုပြန်ဆန့်ထားပါ.. တကယ်ကိုထူးပါတယ်..

ပထမဆုံးမုန့်ဖတ်ကိုကြည့်ပါ.. နီသလိုလို ဝါသလိုလို အဖြူစင်းချောမုန့်ဖတ်မဟုတ်ပါဘူး မုန့်ဖတ်မှာကိုက အရသာရှိပါတယ်.. ပြီးတော့ သူက သူနဲ့တွဲစားရတဲ့ အနှစ်ရှိပါတယ်.. အနှစ်ကို ဒီတိုင်းမြည်းကြည့်ရင် ချဉ်သလိုလိုအရသာဖြစ်ပါတယ်.. ပဲကိုကြိုထားတာရယ် အသားရယ် ဆား သကြားဘာညာထည့်တာအပြင် ငရုတ်ကောင်းနဲ့ ဖက်ဖယ်ရွက်အရသာလေး ပါနေပါတယ်..အဲ့မုန့်ဖတ်နဲ့ အနှစ်ကို လိုသလိုနယ်စားရတာပါ.. ပီးတော့ ဟင်းချိုကလည်း မုန်လာဥဖြူတွေနဲ့ ချက်ထားတာပါ.. ဟင်းချိုလေးပါ ဆမ်းပြီးမှ ထည့်နယ်စားလည်းကောင်းပါတယ်.. အသားပေါ်မူတည်ပြီး မြီးရှည်အရသာတွေကွဲပါတယ်.. nN စားခဲ့တာကတော့ အူနုနဲ့ပါ.. အရသာက ပုံမှန်မြီးရှည်တွေလိုမဟုတ်ဘဲ ကွဲနေတော့ ပါးစပ်အပြောင်းအလဲလည်း ဖြစ်တဲ့အပြင် ကောင်းလည်းကောင်းပါတယ်နော်.. သွားစားကြည့်ပါ..


နောက်တစ်ခု စမ်းစားခဲ့တာက မိုင်းသာဒန်ပေါက်ဆိုတာပါ.. တကယ်တော့ nN က ဒန်ပေါက်မကြိုက်ပါဘူး အနံ့တောင် မခံနိုင်ပါဘူး.. ဒါပေမဲ့ ဒီမှာကတော့ #FOTS ပရိတ်သတ်ကြီးအတွက် စမ်းရမယ့် တာဝန်ရှိနေတဲ့အပြင် ပုံမှန်
န်ပေါက်တွေနဲ့လည်း တူပုံမပေါ်တဲ့အတွက် စမ်းစားခဲ့ပါတယ်.. ထင်တဲ့အတိုင်းပဲ မတူပါဘူး.. မဆလာအနံ့လုံးဝမထွက်ပါဘူး.. ထုံးစံအတိုင်း ပင်စိမ်းတို့ ဖက်ဖယ်ရွက်တို့ပါတယ်.. မှိုလိုလိုဟာလေးတွေပါတာက ဘာလည်းမသိပါဘူး.. စားလို့တော့ကောင်းပါတယ်.. ကချင်ထမင်းကြော်လို့ပြောရင် ပိုမှန်ပါတယ်.. ဖက်ကလေးနဲ့ ထုပ်လာထားပြီးမှ ဖြည်စားရတော့ ပူပူနွေးနွေးနဲ့ သိပ်ကောင်း.. ပြီးတော့ အဲ့ဒီ ဒန်ပေါက်နဲ့ တွဲလာချတဲ့ ဟင်းရည်က အရမ်းသောက်လို့ကောင်းတယ်..

နောက်ထပ်သဘောကျတာက သူက ရိုးရာစာတွေအပြင် ဝက်သားသုပ်တို့ ဆိတ်သားထောင်းတို့ရတော့ ပိုအဆင်ပြေပါတယ်.. အရံဟင်းတွဲစားလို့ရတာပေါ့.. မိုင်းသာဒန်ပေါက်နဲ့ ဝက်သားသုပ်ချဉ်စပ်ကလေးကို တွဲစားလိုက်ရတာက လျှာထဲမှာ အရမ်းကိုအဆင်ပြေပြီး “သူ့အရသာကလေ ဘယ်လိုပြောရမလဲဆိုတော့...” တွေဖြစ်ကုန်ပါတယ်..





ဆိုင်လေးက အရမ်းမကျယ် အရမ်းမကျဉ်းပါဘူး.. အကင်တွေစားချင်လည်း ရပါတယ်.. ဒါပေမဲ့ သူ့ မိန်းရဆက်ပီတော့ မဟုတ်ဘူးပေါ့နော်.. ဒီဆိုင်လေးကို ရောက်သွားရချင်းအကြောင်းရင်းမှာ ကျေးဇူးတင်ရမဲ့လူတွေ ပါပါတယ်.. nN နဲ့ အတူသွားတဲ့ ရုံးက အစ်ကိုတစ်ယောက်က သူ့သူငယ်ချင်းရဲ့ အမေမွေးနေ့မို့ သွားစားတာပါ.. ဒီတော့ ခေါ်သွားပေးတဲ့ အစ်ကို Andreas ရော.. သူ့သူငယ်ချင်း မခိုင်ဇာရော.. မခိုင်ဇာရဲ့အမေ တကယ့်မွေးနေ့ရှင် ပိုက်ဆံရှင်းသူ အန်တီကိုရော အရသာအထူးအဆန်း ဆိုင်အသစ်မှာ စားခွင့်ရလိုက်လို့တကယ်ကို ကျေးဇူးတင်ပါတယ်.. မဟုတ်ရင် nN က ၁၆ လမ်းမြီးရှည်ပြေးစားမိတော့မှာ.. (သူများတွေစားဖူးပြီးသားကြီးကိုနော်)..

~nN


(edited>> ရွှေမိုင်းသာက အစ်မတစ်ယောက် လာရှင်းပြခြင်းကို ဖြည့်ထားပါတယ်.. 



>> admin ရှင်းပြထားသလိုပါပဲ အားလုံးနီးပါးမှန်ပါတယ် မုန့်ဖတ်နီတာကတော့ ဆန်အနီနဲ့ပြုလုပ်ထားသာဖြစ်ပြီးကျွန်မတို့မိုင်းသာပြည်က အေးတဲ့နေရာဒေသဖြစ်တဲ့အတွက်ကြောင့်ရယ် ရေတွေကောင်းသာကြောင့်ရယ် အခုလိုစည်းပြီးတော့ မြီးရှည်တွေကောင်းကောင်းထွက်တာပါရှင့် အခုဆိုင်မှာသုံးတဲ့မြီးရှည်တွေလည်းမိုင်းသာပြည်ကပဲယူတဲ့အတွက်ကြောင့် အရသာကတစ်ခြားမြီးရှည်နဲ့မတူပဲ ထူးခြားနေတာပါရှင့် နောက်တစ်ခုရှင်းပြချင်ပါတယ်ရှင့် မိုင်းသာလူမျိုးရဲ့တည်နေရာပတော့ တရုတ်ပြည် ရွှေလီအကျော်လောက်မှာဖြစ်ပြီး သူကတော့ ဖွံ့ဖြိုးမှုမရှိပဲ ရွာကလေးတွေနဲ့ပဲဖွဲ့စည်းထားတဲ့ လူနည်းစုမိုင်းသာလူမျိုးဖြစ်ပြီး အများစုကတော့ပန်းပဲလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကျောင်းပြုကြပါတယ်ရှင့် မိုင်းသာလူမျိုးမှာ ဒီနေ့ထိတော့ language ပဲရှိပြီး စာတွေဖွံ့ဖြိုးမှုမရှိသေးပါဘူးရှင့် အစ်ခုလို admin တို့ page ကနေတစ်ဆင့်အများသိအောင်သေသေချာချာ ရှင်းပြရေးသားပေးသာကိုထပ်ဆင့်ကျေးဇူးတင်ပါတယ်ရှင့်))

Tuesday, December 1, 2015

going to Ommathi Village just for lunch

 This weekend, we went to Pyin Oo Lwin just for short trip. One of our friends who live there took us to this special place called Ommathi Village. What is so special about this village is they have a special curry of Fish and mented bamboo shoot.

It is quite far from Pyin Oo Lwin actually. We had to pass 2 toll-gates to get there. But we sat besides of the small canal with nice breeze there. The fish curry is so sweet and tasty. The pork is delicious. And I like potato fried! (Very like to eat all, no time to take photo).

And another thing is the pounded green chilli. It not very spicy. But a bit hot and make us eat a lots. We even took take away for home.

Suggestion is: when you go to Lashio or Muse, you have to pass Pyin Oo Lwin for sure. Don't take lunch there. Just pass it and stop by at Ommathi Village to try this tasty yummy fish curry.




ဘော်ဒါတို့ရေ..

အစားတစ်လုတ်အတွက် အသက်ကိုပဓာနမထားဘဲ ကြိုးစားပမ်းစား အပင်ပန်းခံ ချွေးနဲ့သွေးနဲ့ ရင်းပြီး စားကြဖို့ ဇွဲလုံ့လရှိကြပါသလား..

ဘာကြောင့် မေးရသလဲဆိုရင် ဒါက ဒီလိုရှိပါတယ်.. nN တစ်ယောက် ဒီပိတ်ရက်မှာ ပြင်ဦးလွင်ကို ကမန်းကတမ်းရောက်ဖြစ်သွားပြီး သကာလ.. ပြင်ဦးလွင်မြို့ခံ အစ်ကိုတော်တစ်ပါးကနေပြီးတော့ လာကြ သွားကြမယ် စားကြမယ်ဆိုလို့ ကားကြီးနဲ့ မောင်းထွက်သွားပြီးတော့ ပြင်ဦးလွင်မြို့ကနေ တိုးဂိတ်ကိုကျော်ပြီးထွက်.. ဒီဇင်ဘာခြံကိုဖြတ်.. ပိတ်ချင်းမြောင်ဘက်သွားတဲ့ လမ်းလည်းဖြတ်သွား.. နောင်ချိုနားရောက်ခါနီးအထိမောင်းပြီး အုမ္မတီးဆိုတဲ့ လမ်းခွဲရွာကလေးကို ရောက်သွားရော ဆိုပါတော့.. အဲ့ဒီနေရာက ဟိုမြို့ဒီမြို့တွေကို သွားတဲ့လမ်းခွဲတဲ့.. ကားကြီးသမားတွေ ရပ်ကြနားကြလုပ်တဲ့ နေရာဆိုပဲ.. အတော်လေး ဝေးပါတယ်.. တိုးဂိတ် ၂ ဂိတ်ဖြတ်ရတယ်ဆိုကတည်းက စဉ်းစားသာကြည့်တော့နော်..

ဒါပေမဲ့ သွားရတာနဲ့ တန်အောင်ပဲ.. အဲ့ဒီ အုမ္မတီးရွာလေးကိုရောက်ရင် ချောင်းကွေ့က ငါးမျှစ်ချဉ်ဆိုင်လို့သာ မေးလိုက်ပြီး ဝင်လိုက်ပါ.. အပြင်ပန်းကြည့်ရင် ဆိုင်လေးက စုတ်တီးစုတ်ပဲ့လေးမို့ မျက်မှောင်မကုတ်သွားပါနဲ့.. သူတို့ မီးဖိုချောင်ကလေးကို ကွေ့ကောက်ဖြတ်သန်းသွားလိုက်ရင် နောက်ဖက်မှာ ဝရံတာလေးရှိပါတယ်.. အဲ့မှာထိုင်စားရင် အောက်ကပါတဲ့ ပုံအတိုင်းပဲ တဝေါဝေါစီးနေတဲ့ မြောင်းဘောင်ရေသံလေးတွေနဲ့ စားရမှာပါ..


ဆိုင်ရဲ့ အဓိက ကတော့ လတ်လတ်ဆတ်ဆတ် ငါးခူနဲ့ ချက်ထားတဲ့ ငါးမျှစ်ချဉ်ဟင်းလျာတွေပါ.. ပြီးတော့ ဒုတိယအကောင်းဆုံးက ငရုတ်သီးထောင်းပါ.. အရမ်းလည်းမစပ်ဘဲ ပူရှိန်းရှိန်းနဲ့ အရသာတော်တော်လေးကောင်းပါတယ်.. ကျန်တာတွေကတော့ အခေါက်ကင်တို့ အစိမ်းကြော်တို့.. အော်.. နောက်ပြီး ဝက်သားကြက်ဥစင်းကောကြော်လား.. အဲ့ဒါလည်း စားကောင်းပါတယ်.. စလွတ်ကြော်ဆိုတာလေးတွေကလည်း အသားကို အလုံးလေးတွေလုပ်ပြီး ကြော်ထားတာ.. အပြင်က ကြွပ်ပူပြီး အထဲက နူးပျော့လေးဆိုတော့ အရမ်းအဆင်ပြေပါတယ်.. နောက်ပြီး အာလူးချောင်းကြော်လေးတွေက အရမ်းစားလို့ကောင်းတာပါပဲ..

ဈေးတွေကတော့ ပုံမှန်ပါပဲ.. ဈေးမကြီးပါဘူး.. ဒါပေမဲ့ ကားဓာတ်ဆီအကုန်ခံပြီး လူအပင်ပန်းခံပြီး သွားစားမှရမှာလို့တော့ ကြိုသတိပေးထားပါတယ်နော်..

ဆိုင်စုတ်ကလေးမှာ အစားကောင်းတွေ တဝတပြဲစားပြီး သကာလ အပြန်လမ်းကျတော့ ဒီဇင်ဘာခြံဝင်ပြီး အအေးသောက်ပါတယ်.. ခက်တာက အဲ့ဒီခြံက အရမ်းနာမည်ကြီးပြီးနောက်ပိုင်း အရသာကွာလတီတွေ ကျသွားတာပါ.. အရင်လို ပြောပလောက်စရာ မကောင်းတော့ပါဘူး.. foodie တို့လည်း ပြင်ဦးလွင်ဒီဇင်ဘာခြံလောက်တော့ သိပြီးသားဖြစ်မှာမို့ အထူးတလည် မပြောတော့ဘူးနော်..

~nN